A d v e r t i s e m e n t With Us

အသက် ၄၀ အထိ စီရော်နယ်ဒို ဘောလုံးဆက်ကစားနိုင်မည်ဟု အသင်းဖော်ဟောင်းပြော

စီရော်နယ်ဒိုအနေနဲ့ အသက် ၄၀ အရွယ်အထိ ဘောလုံးဆက်ကစားနိုင်လိမ့်မယ်လို့ ပေါ်တူဂီ အသင်းဖော်ဟောင်း ဖာရီယာက ပြောပါတယ်။  ဖာရီယာဟာ စီရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီအသင်းမှာ ၆ နှစ်ကြာ အတူကစားခဲ့ဖူးပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားပြီးနောက် ၂၀၁၃ ခုနှစ်မှာ အနားယူခဲ့တဲ့ ဖာရီယာကတော့ စီရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အလုပ်ကြိုးစားမှုတွေက နောက်ထပ် လေး ငါးနှစ် လောက်အထိ ဆက်ကစားနိုင်မှာသေချာတယ်လို့ ဆိုပါတယ်။  ဒါပေမဲ့ ဒဏ်ရာကြီးကြီးမားမား မရဖို့တော့လိုအပ်ပြီး လက်ရှိအချိန်မှာတော့ စီရော်နယ်ဒိုက ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူးအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို့ ဖာရီယာက သုံးသပ်ပါတယ်။  စီရော်နယ်ဒိုဟာ အခုနှစ်ရာသီမှာ သွင်းဂိုး ၂၅ ဂိုးသွင်းယူထား ပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up