Homeမြန်မာသတင်း
မြန်မာနှင့် ထိုင်း ၂ နိုင်ငံအပေါ် လွှမ်းခြုံထားသည့် စိုးရိမ်ဖွယ် မီးခိုးမြူထူခြုံလွှာကြီးများ
မြန်မာနှင့် ထိုင်း ၂ နိုင်ငံအပေါ် လွှမ်းခြုံထားသည့် စိုးရိမ်ဖွယ် မီးခိုးမြူထူခြုံလွှာကြီးများ
DVB
·
March 20, 2020
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအပေါ် လွှမ်းခြုံထားတဲ့ မီး ခိုးမြူထူခြုံလွှာကြီးတွေလို့ အမည်တပ် ဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို အမေရိကန် အာကာသအေဂျင်စီ-နာဆာကနေ ဖော်ပြထားခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက အရှေ့တောင်အာရှ ဒေသတွေအတွင်းမှာ ရာသီ အလိုက် တောင်ယာမီးရှို့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေကတဆင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။
ကောင်းကင်ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ မီးခိုးမြူထူတွေ လွှမ်းခြုံထားတဲ့ ဒီပုံ ကိုတော့ မတ်လ ၁၈ ရက်နေ့က ရိုက်ယူထားခဲ့တယ်လို့ ဆိုပါတယ်။
မီးခိုးမြူထူတွေဟာ လေထုညစ်ညမ်းမှုနဲ့အတူ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေပြီး ထိုင်းမြောက်ပိုင်း မြို့တော် ချင်းမိုင်ကတော့ အခုလအတွင်း ကမ္ဘာ့မြို့တွေအားလုံးထဲ လေထုညစ်ညမ်းမှုအဆိုးဝါးဆုံး မြို့အဖြစ် အကြိမ်ကြိမ် မှတ်တမ်း ဝင်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံ မြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာလည်း လေထုအရည်အသွေး ပိုပြီး တော့ ဆိုးဝါးမလာအောင် တိုင်းတာထိန်းချုပ်မှုတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ် လာနေပါတယ်။
Air Quality Yangon အဖွဲ့က ဒီကနေ့ မနက်ပိုင်း ၈ နာရီမှာ တိုင်းတာမှုအရ ရန် ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းဟာ ၁၅၃ အထိ ရှိနေတာမို့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့်ဖြစ်ပါတယ်။