ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တရုတ်အကူပစ္စည်းများ ပဲရစ်ကိုရောက်ရှိ

Reuters
1.1K
ပြင်သစ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံက ကူညီပေးမယ့် လေယာဉ် တစီးစာ ဆေးဘက်ပစ္စည်းတွေဟာ မတ် ၁၈ ရက်က ပဲရစ်လေဆိပ်ကို ရောက်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက ပေးပို့တဲ့ ဆေးဘက်ပစ္စည်းတွေထဲမှာ နှာခေါင်းစည်းနဲ့ လက်အိတ် အရေ အတွက် ၁ သန်း ပါဝင်ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ချိန်က ဆေးဘက်ပစ္စည်း ၁၇ တန် ပေးပို့ ခဲ့တဲ့ ပြင်သစ်မှာ အခုဆိုရင် နှာခေါင်းစည်းနဲ့ လက်အိတ်တွေ ပြတ်လပ်နေပါတယ်။
တရုတ်နိုင်ငံကနေ ပြင်သစ်ကို ပေးပို့တဲ့ ပစ္စည်းစက္ကူဘူးတွေမှာ ဗစ်တာဟူဂိုရဲ့ နာမည်ကြီး စကားတခွန်းဖြစ်တဲ့ “စည်းလုံးရင် အောင်မြင်မယ်”ဆိုတဲ့ ပြင်သစ်စာသားကို ရေးထားပါတယ်။
ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကလည်း မိုင်ပေါင်းများစွာကွာတဲ့ ခင်မင်ရင်းနှီးမှု ဟာ ကျောက်သံတို့ထက် ခိုင်မြဲတယ်ဆိုတဲ့ တရုတ်ရိုးရာ အဆိုအမိန့်ကို ကိုးကားပြောဆိုခဲ့ပါတယ်။
တရုတ်သံအမတ်ကြိးက မိတ်ကောင်းဆွေကောင်းကို ရထားရင် မိုင်ပေါင်းများစွာ ဝေးနေ ရင်တောင်မှ နှလုံးသားချင်း နီးကပ်ပြီး ခင်မင်ရင်းနှီးမှုဟာ ကျောက်သံတို့ထက် ခိုင်မြဲတယ်လို့ ပြောခဲ့ပါတယ်။