အီတလီတွင် ကိုရိုနာကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေဟာ မတ်လ ၁၈ ရက်မှာ တရက်ထဲ ၄၇၅ ဦးအထိ စံချိန် တင်မြင့်တက်ခဲ့တယ်လို့  ဘီဘီစီသတင်းမှာ ရေးသားထားပါတယ်။  ဒါ့ကြောင့် အီတလီမှာ ဗိုင်းရပ်စ်ကြောင့် တရက်ထဲသေဆုံးနှုန်းဟာ ဒီကပ်ရောဂါ စတင်ပြန့်ပွားချိန်ကစလို့ စံချိန်တင်နှုန်း ဖြစ်လာပါတယ်။  အီတလီမှာ နောက်ဆုံးရရှိတဲ့အချက်အလက်တွေအရ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ  ၃၅၇၁၃ ဦး ရှိပြီး ၄၀၀၀ ကျော် ပြန်ကောင်းခဲ့ပါတယ်။ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် အထိအနာဆုံးဒေသကတော့ လွန်မ်ဘာဒီဒေသဖြစ်ပြီး တ ရက်ထဲမှာ ၃၁၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။  အီတလီဟာ တရုတ်ပြည်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံရတဲ့တိုင်းပြည်ဖြစ်ပြီး အခုအခါမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ် သီးခြားခွဲထုတ်တာ၊ နေရာတွေကို ပိတ်ဆို့ တာတွေလုပ်လာတာလည်း နှစ်ပတ်တာ ကာလအတွင်း ဝင်လာခဲ့ပါပြီ။  အီတလီမှာ ဒီလိုသေဆုံးမှုများရတာဟာ ကျန်းမာရေးစောင့်ရှောင့်မှု စနစ်တွေအတွင်း ထူးထူးခြားခြားဖြစ်တဲ့အရေအတွက်များတာရယ်၊ လူဦးရေမှာ သက်ကြီးရွယ်အို အချိုးအစားများ တာတွေကြောင့်ဖြစ်နိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေအနေဒါရိုက်တာ မိုက်ရိုင်ယန်က သုံးသပ်ထားပါတယ်။  အခုအခါ အီတလီအပြင် ဥရောပနိုင်ငံ အတော်တော်များများမှာလည်း မျက်နှာဖုံးတွေ ပြတ်လပ်နေပြီး ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှာလည်း အီတလီက ဆင်းရဲနွမ်းပါးတဲ့အိမ်ရာမဲ့တွေကို ပေးဖို့ မျက်နှာဖုံးတွေမရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up