ပုဂ္ဂလိကသတင်းစာများ ကျပ် ၂၀၀ အောက်ဖြင့် ဖြန့်မည်

မကြာမီ ထုတ်ဝေတော့မယ့် ပုဂ္ဂလိကသတင်းစာတွေဟာ ၁ စောင်ကို ကျပ် ၂၀၀ အောက်နှုန်း၊ ၁ လ ကျပ် ၆၀၀၀ ၀န်းကျင်နဲ့ ဖြန့်ချိကြမယ်လို့ သတင်းစာတိုက်အသီးသီးက ထုတ်ပြန်ကြေညာပါတယ်။ လက်ရှိ ဂျာနယ် ၈ စောင်ထုတ်ဝေနေပြီး စက္ကူနဲ့ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေနိုင်ငံကုမ္ပဏီက ထုတ်ဝေမယ့် ရွှေနိုင်ငံသစ် သတင်းစာကို ၁ စောင် ၁၅၅ ကျပ်၊ ဒေးလီးအလဲဗင်းဂျာနယ်ကို ၁ စောင် ကျပ် ၁၈၀ နှုန်းနဲ့ ဖြန့်ချိမယ်လို့ ကြေညာထားပြီး လက်ရှိ အစမ်း ထုတ်ဝေနေတဲ့ ပြည်ထောင်စုနေ့စဉ်ကတော့ ဈေးနှုန်း ကြေညာထားခြင်း မရှိသေးပါဘူး။ အစိုးရက ထုတ်ဝေနေတဲ့ နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ News light of Myanmar၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးက ထုတ်ဝေတဲ့ မြို့တော်သတင်းစာနဲ့ တပ်မတော်က ထုတ်ဝေတဲ့ မြ၀တီသတင်းစာတွေကတော့ ဖြန့်ဈေး ၁ စောင် ကျပ် ၅၀ သတ်မှတ်ထားပြီး ပြင်ပမှာတော့ ၁ စောင် ကျပ် ၁၀၀ ရောင်းချနေကြပါတယ်။

//
More News
Up