A d v e r t i s e m e n t With Us

မိတ္ထီလာမြို့ ၁၀ တန်းစာမေးပွဲ နီးစပ်ရာကျောင်းများတွင် ဖြေဆိုနိုင်

မိတ္ထီလာမြို့ပေါ်က ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုနေကြတဲ့ ကျောင်းသားကျောင်းသူတွေကို နေအိမ် အနီး နီးစပ်ရာကျောင်းတွေမှာ အဆင်ပြေသလိုဖြေဆိုနိုင်ဖို့ သက်ဆိုင်ရာက စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ မိထ္တီလာမြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်နဲ့ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်တို့ကိုလဲ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကျောင်းအုပ်နဲ့ ဆရာဆရာမတွေက ပြောတဲ့အကြောင်း၊ တရားဝင်ကြေညာချက်ထုတ်ပြီး ပိတ်တာတော့ မဟုတ်တဲ့အကြောင်း အထက်မြန်မာပြည် ဗကသအဖွဲ့ချုပ် (မိတ္ထီလာ)က ကိုအောင်နေပိုင်က မတ်လ ၂၂ ရက်က ပြောပါတယ်။ မိတ္ထီလာ(နည်းပညာတက္ကသိုလ်)မှာ နှစ်ဝက်စာမေးပွဲ ပထမနေ့ ဖြေဆိုနေတုန်း အခု ပဋိပက္ခ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up