အီရတ်နိုင်ငံတွင် တနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်

Reuters
အစိုးရ ဖွဲ့ပြီးတာနဲ့ အများဆုံး တနှစ်အတွင်း အီရတ်နိုင်ငံအနှံ့မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးသွားမယ်လို့ အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်သစ်  အာဒန်းဇာဖီက မတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။  နိုင်ငံပိုင် INA သတင်းဌာနက ထုတ်ပြန်ရာမှာ ဝန်ကြီးချုပ်ဇာဖီက လက်နက်တွေကို နိုင်ငံပိုင် သိမ်းဆည်းတာ၊  လက်နက်ကိုင်အဖွဲ့အားလုံးကို ဖယ်ရှားတာနဲ့ နိုင်ငံတော် အာဏာ တည်တံ့အောင် ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် ဇာဖီအနေနဲ့  အီရတ်အချုပ်အခြာကို ထိန်းသိမ်းပြီး အကျင့်ပျက်မှု ကင်းကာ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ရင် အမေရိကန်အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်း အထောက်အပံ့ကို ရရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောပါတယ်။  နိုင်ငံတဝန်း လချီဖြစ်ပေါ်နေတဲ့  မငြိမ်သက်တာတွေကို ကျော်လွှားဖို့ မတ်လ ၁၇ ရက်က အီရတ် သမ္မတဟာ လူသိနည်းတဲ့ ဒေသအုပ်ချုပ်ရေးမှူးဟောင်း အာဒန်-ဇာဖီကို ဝန်ကြီးချုပ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ အီရတ်နိုင်ငံမှာ သြဇာကြီးနေတဲ့ ရှီးယိုက်အုပ်စုတွေက ဇာဖီ ခန့်အပ်တာကို ပယ်ချဖို့ အသင့်ရှိနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up