နေပြည်တော်ရှိ ACE ဆောက်လုပ်ရေးကုမ္ပဏီ ဂိုဒေါင် မီးလောင်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 18, 2020
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ACE ဆောက်လုပ်ရေးကုမ္ပဏီဝန်းအတွင်းက ဂိုဒေါင်နဲ့ ဂိုဒေါင်အတွင်းရှိ ဆောက်လုပ်ရေးပစ္စည်းဟောင်းတွေ ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားပါတယ်။
ဂိုဒေါင်မှာရှိတဲ့ လျှပ်စစ် ဒါးမိန်း မပိတ်မိရာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် အလျား ပေ ၁၂၀ ၊ အနံ ၆၀ ပေ ၊ အမြင့် ၁၈ ပေရှိတဲ့ သွပ်မိုး၊ သွပ်ကာ ၊သံဖရိန် အဆောက်အအုံ မီးလောင်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀ ဖိုးလောက်ရှိပါတယ်။
ဒါ့အပြင် အဆောက်အအုံ အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းအဟောင်းတွေလဲ မီးလောင်သွားတဲ့အတွက် ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း ၄၀ လောက် တန်ဖိုးရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်တာဝန်ခံကို ဒက္ခိဏသီရိမြို့နယ် မြို့မ ရဲစခန်းက (ပ)၂၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ အမှုဖွင့် အရေးယူထားပါတယ်။