အေဂျက်ဇ်ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိခ်ကို ခေါ်ယူရန် မန်ယူနိုက်တက် ပစ်မှတ်ထား

821
မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်ဇ် ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိခ်ကို ရီးရဲလ်မက်ဒရစ်အသင်းနဲ့အပြိုင် လာမယ့်နွေရာသီမှာ အရခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
နယ်သာလန် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂါရတ်ဘေးလ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ရှိနေလို့ အေဂျက်ဇ်မှာပဲ နောက်ထပ်တရာသီ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ယူနိုက်တက်ကလည်း ကြားကနေ ဖြတ်ခုတ်ခေါ်ယူဖို့ ကြိုးပမ်းနေပြီလို့ marca သတင်းစာက ဖော်ပြပါတယ်။
ဗန်ဒါဘိခ်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်ဇ်အသင်းနဲ့ ခြေစွမ်းပြပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သလို ၁၀ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။