Homeမြန်မာသတင်း
မြန်မာအထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့်ရောက်ရှိ
မြန်မာအထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့်ရောက်ရှိ
DVB
·
March 18, 2020
မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတွေအတွက် လိုအပ်တဲ့ကုန်ကြမ်းတချို့ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့ကနေ AQ-1359 Cargo ကုန်တင်လေယာဉ်နဲ့ မတ်လ ၁၇ ရက် ည ၁၀နာရီခွဲလောက်က ရောက်ရှိလာပါတယ်။
ရောက်ရှိလာတဲ့ကုန်ကြမ်းတွေဟာ စက်ရုံ ၁၁ ရုံ စာအတွက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ တရုတ်အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းခွန်းက ပြောပါတယ်။
"အခုရောက်ရှိတဲ့ ပစ္စည်းတွေက အဓိကက အထည်ချုပ်လုပ်ငန်းတွေအတွက်ပေါ့နော်။ စက်ရုံ ၁၁ ရုံစာ အတွက်ပိတ်စရယ်၊ ကြယ်သီးရယ် ၊ ချည် တွေပါ"
လက်ရှိတရုတ်နိုင်ငံမှာ ကုန်ကြမ်းစက်ရုံတချို့ ၆၀ ရာခိုင်နှုန်းလောက်ပြန်လည် လည်ပတ်လာပြီမို့ ကုန်ကြမ်းမှာယူထားတဲ့ စက်ရုံတွေအတွက် အခုလိုကုန်ကြမ်းတွေ ပြန်လည်ပို့ဆောင်ပေးလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုကုန်ကြမ်းတွေရောက်ရှိလာဖို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in myanmar (CECCM)တို့ရဲ့ပူးပေါင်းစီစဉ်မူနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သတင်း- သူသူအောင်/ ဇာခြည်