မြန်မာအထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့်ရောက်ရှိ

မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတွေအတွက် လိုအပ်တဲ့ကုန်ကြမ်းတချို့ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့ကနေ AQ-1359 Cargo ကုန်တင်လေယာဉ်နဲ့ မတ်လ ၁၇ ရက် ည ၁၀နာရီခွဲလောက်က ရောက်ရှိလာပါတယ်။  ရောက်ရှိလာတဲ့ကုန်ကြမ်းတွေဟာ  စက်ရုံ ၁၁ ရုံ စာအတွက်ဖြစ်တယ်လို့  မြန်မာနိုင်ငံ တရုတ်အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းခွန်းက ပြောပါတယ်။ "အခုရောက်ရှိတဲ့ ပစ္စည်းတွေက အဓိကက အထည်ချုပ်လုပ်ငန်းတွေအတွက်ပေါ့နော်။ စက်ရုံ ၁၁ ရုံစာ အတွက်ပိတ်စရယ်၊  ကြယ်သီးရယ် ၊ ချည် တွေပါ"   လက်ရှိတရုတ်နိုင်ငံမှာ ကုန်ကြမ်းစက်ရုံတချို့ ၆၀ ရာခိုင်နှုန်းလောက်ပြန်လည် လည်ပတ်လာပြီမို့ ကုန်ကြမ်းမှာယူထားတဲ့ စက်ရုံတွေအတွက် အခုလိုကုန်ကြမ်းတွေ ပြန်လည်ပို့ဆောင်ပေးလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကုန်ကြမ်းတွေရောက်ရှိလာဖို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in myanmar (CECCM)တို့ရဲ့ပူးပေါင်းစီစဉ်မူနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သတင်း- သူသူအောင်/ ဇာခြည်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up