အမေရိကန် အရန်ဘဏ် အတိုးနှုန်း ဝ ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချ
DVB
·
March 17, 2020
အမေရိကန်ပြည်ထောင်စု အရန်ဘဏ်က အတိုးနှုန်း မတ်လ ၁၆ ရက်မှာ ၀ ဒသမ ၂၅ ရာခိုင်နှုန်းထိ လျှော့ချပြီး တခြားနိုင်ငံတွေက ဗဟိုဘဏ်တွေလိုပဲ ငွေချေးစာချုပ်တွေကို စပြီး ပြန်ဝယ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအတွင်း ကမ္ဘာ့စီးပွားရေး အမြန်ထိခိုက်နေချိန်မှာ နိုင်ငံ့စီးပွားရေး ကျဆင်းမှုကို ကူညီဖို့ ကြိုးစားနေတာပါ။
ရောဂါကပ်ဘေးအတွင်း စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းနေရပြီး လူသန်းချီ အလုပ်လက်မဲ့ ဖြစ်မယ့် အလားအလာအတွင်း စီးပွားရေး ခြိမ်းခြောက်မှုက နက်ရှိုင်းနေတာပါ။
ဒါကြောင့် အမေရိကန် ပြည်ထောင်စုအစိုးရက လုပ်ငန်းတွေကို ပံ့ပိုးဖို့ ဘဏ္ဍာရေးအကျပ်အတည်းအတွင်းမှာ ငွေကြေးအရ ခုသာခံသာ ဖြစ်အောင် အမေရိကန် ဒေါ်လာငွေကြေး ထရီလီယံချီ စီးဆင်းနိုင်စေဖို့ ဘဏ်တွေကို အားပေးနေပါတယ်။
ဗိုင်းရပ်စ်ဟာ စီးပွားရေး စိန်ခေါ်မှုတွေ ကို သိသာစေတယ်လို့ ပြည်ထောင်စု အရန်ဘဏ် ဥက္ကဋ္ဌ ဂျေရုမ်း ပိုဝဲလ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ။
ကာလတို ချေးငွေအတွက် အတိုးနှုန်းကိုလည်း ဝ ဒသမ ၂၅ ရာခိုင်နှုန်း လျှော့ချလိုက်ပြီး လာမယ့် သီတင်းပတ်တွေအတွင်း ရှယ်ယာတွေကို အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀၀ ဖိုးထက်မနည်း ဝယ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အစိုးရက လူစုလူဝေးတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းပိတ်တာတွေကို ကန့်သတ်ထားတာပါ။ စီးပွားရေး အခက်အခဲကို ပြေလျော့စေဖို့ ပြည်ထောင်စု အရန်ဘဏ် အရာရှိတွေက တတ်နိုင်သမျှ အကုန်လုပ်မယ်လို့ သူက ပြောခဲ့ပါတယ်။