Home
မြန်မာသတင်း
လိုင်စင်အသိမ်းခံရသည့် အာရှရန်ကုန်ဘဏ်က ငွေစုသူများကို ပြန်ထုတ်ပေးနေ
DVB
·
March 17, 2020
မတည်ရင်းနှီးငွေ ပမာဏဖောက်ဖျက်မှုနဲ့ ဘဏ်လိုင်စင်အသိမ်းခံရတဲ့ အာရှရန်ကုန်ဘဏ်က ဘဏ်ဝန်ဆောင်မှု အသုံးပြုထားတဲ့ ဘဏ်ငွေစုသူတွေကို ဗဟိုဘဏ်အရာရှိတွေရဲ့ အုပ်ချုပ်မှုနဲ့ စုငွေတွေ ပြန်ထုတ်ပေးနေတယ်လို့ အသုံးပြုသူတွေက ပြောပါတယ်။  မတ် ၁၆ ရက်နေ့ညနေကနေ စတင်ပြီး အပ်ငွေစုငွေတွေကို ပြန်ထုတ်ပေးနေတာ ဖြစ်ပြီးတော့ ဗဟိုဘဏ်ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ ဘဏ်လိုင်စင် ပြန်လည်ရုပ်သိမ်းလိုက်တာကြောင့်ပါ။  ဘဏ်ဝန်ဆောင်မှု သုံးစွဲသူတွေကတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ဘဏ်ပိတ်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့် အပ်ငွေတွေကို တခြားဘဏ်တွေကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။  လက်ရှိမှာတော့ ဘဏ်ထဲမှာ လက်ကျန်ရှိနေတဲ့ ငွေအနည်းငယ်ကိုပဲ လာရောက်ထုတ်ယူ နေတယ်လို့ ဆိုပါတယ်။  အာရှရန်ကုန်ဘဏ်မှာ ငွေတွေ လာရောက်ထုတ်ယူနေသူ အများစုကို မေးမြန်းတဲ့ အခါမှာလည်း အပ်ငွေသောင်းဂဏန်းနဲ့ သိန်းဂဏန်း အနည်းငယ်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။  အာရှရန်ကုန်ဘဏ်ဟာ ၁၉၉၄ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ဘဏ် ဖြစ်ပြီးတော့ ဘဏ်ခွဲပေါင်း ပြည်တွင်းမှာ ၁၃ ခုဖွင့်လှစ်ထားပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024