Air Con ပါ လေအိတ်ရထား မတ် ၂၁ ရက်နေ့ စတင်ပြေးဆွဲမည်
DVB
·
March 16, 2020
ပထမဆုံး Air Con ပါ လေအိတ်ရထားကို မတ် ၂၁ ရက်နေ့မှာ မန္တလေး - မြစ်ကြီးနားခရီးစဉ် စတင် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
အဆိုပါရထားမှာ အထက်တန်းတွဲ ၁၀ တွဲ၊ စားသောက်တွဲ ၁ တွဲနဲ့ ရိုးရိုးတန်း ၁ တွဲ ပါဝင်မှာ ဖြစ်ပါတယ်။
အဲ့ဒီအဲကွန်းပါ လေအိတ်ရထားတွေကို တောင်ကိုရီးယားနိုင်ငံက ဝယ်ထားတာဖြစ်ပြီး မြစ်ငယ်မီးရထားစက်ရုံမှာ ပြေးဆွဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
အဲကွန်းပါ လေအိတ်ရထားတွေကို ပထမဆုံးပြေးဆွဲတာဖြစ်ပြီး အရင်က လေအိတ်ရထားတွေ ပဲ ပြေးဆွဲတယ်လို့ မန္တလေးဘူတာကြီး ရုံပိုင်ချုပ် ဦးမြင့်သိန်းကပြောပါတယ်။
အဲကွန်းပါ လေအိတ်ရထားတွေ စတင်ပြေးဆွဲပါက လက်ရှိပြေးဆွဲနေတဲ့ ရထား လက်မှတ်ဈေးတွေကို လျော့ချပေးသွားမယ်လို့ ဆိုပါတယ်။
အဲကွန်းပါ လေအိတ်ရထားအတွက် လက်မှတ်တွေကို မတ် ၁၈ ရက်နေ့ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။