ဆီးရီးယားတွင် ဆန္ဒပြပွဲကြောင့် ရုရှားနှင့်တူရကီ ပူးပေါင်းကင်းလှည့်မှု ရပ်နား

ဆီးရီးယားနိုင်ငံ အီဒလစ်ပြည်နယ်အတွင်း ရုရှားနဲ့တူရကီတို့ရဲ့ ပထမဆုံးပူးတွဲ ကင်းလှည့်မှု ကို မတ်လ ၁၅ ရက်က ရပ်တံ့ခဲ့ရပါတယ်။  သူပုန်တွေနဲ့ အရပ်သားတွေက အဓိကလမ်းကို ပိတ်ဆို့မယ့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ဆန့်ကျင်ဆန္ဒပြတာကြောင့် ရပ်လိုက်ရတာလို့ မျက်မြင်သက်သေတွေနဲ့ ရုရှားသတင်း အေဂျင်စီတွေက ပြောပါတယ်။  အီဒလစ်ပြည်နယ်ထဲက M4 အဝေးပြေးလမ်းမှာ ကင်းလှည့်မှုဟာ ဆီးရီးယားရဲ့ ၉ နှစ်ကြာ စစ်ပွဲမှာ ဆန့်ကျင်ဘက်တပ်တွေကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားနဲ့ တူရကီအစိုးရတို့ ကြား မတ်လ ၅ရက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရလဒ်လည်း ဖြစ်ပါတယ်။  အဲဒီနောက်ပိုင်းမှာ အပစ်အခတ် ရပ်ထားတာပါ။  သဘောတူညီချက်အောက်မှာ လူတသန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အကြမ်းဖက်မှု တွေကို ရပ်နားဖို့လည်းပါတဲ့အပြင် M4 လမ်းတဖက်တချက်မှာ ရုရှားနဲ့တူရကီ စစ်တပ်တွေဟာ လုံခြုံရေး စင်္ကြန်လမ်းကို တည်ထားပြီး ပူးတွဲကင်းလှည့်သွားဖို့ ရှိပါတယ်။ တနင်္ဂနွေနေ့မှာတော့ ရာနဲ့ချီတဲ့ အရပ်သားတွေနဲ့ သူပုန်တွေက လမ်းကို ဖြတ်တောက်ထားပြီး ရုရှားစစ်သားတွေ ရှိနေတာကို ငြင်းပယ်ခဲ့တဲ့အပြင် ဒီသဘောတူညီချက်ဟာ သူတို့ရဲ့ ပြန်လည်နေရာ ချထားရေးအတွက် အာမခံချက် မပါဘူးလို့လည်း ထောက်ပြခဲ့ကြပါတယ်။ ဆန္ဒပြသူ တချို့က ဆီးရီးယားအမျိုးသားစစ်တပ်အလံတွေကို ဝှေ့ယမ်းခဲ့ကြပြီး တူရကီ တင့်ကားတွေပေါ် တွယ်တက်တာ၊ တူရကီ တင့်ကားတွေ သွားရာလမ်းရှေ့မှာ ရပ်နေတာတွေ လုပ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။  လမ်းပေါ်မှာ မီးတွေ ရှို့နေပြီး လူသားကွင်းဆက်ပုံ တန်းစီချိတ်ဆက်တာတွေ လုပ်နေတဲ့ ဓာတ်ပုံတွေကိုလည်း ဗြိတိန်အခြေစိုက်စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က အင်တာနက်ပေါ် တင်ခဲ့ပါ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up