လာမည့်နွေအပြောင်းအရွှေ့ မာရတ်ဇ်ကို ပီအက်စ်ဂျီ ခေါ်ဖွယ်ရှိ

ပီအက်စ်ဂျီအသင်းဟာ မန်စီတီးအသင်းတိုက်စစ်မှူး ရီယတ်မာရတ်ဇ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ  ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပရီးမီးယားလိဂ်ကလပ်မန်စီတီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြင်းထန်စွာချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပြီးခဲ့တဲ့လမှာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။  အသင်းဘက်က ဒီပြစ်ဒဏ်နဲ့ပတ်သက်လို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးမှာ အယူခံတင်သွင်း ထားတာကြောင့် ဒီခုံရုံးရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်။   ခုံရုံးဘက်က ဘယ်လိုဆုံးဖြတ်ချက်ချမှတ်မယ်ဆိုတာ မသိရသေးပေမယ့် ဒီပြစ်ဒဏ်သတင်း ကြောင့် မန်စီးတီးအသင်းအနေနဲ့ အသင်းမှာရှိတဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ထိပ်တန်းကစားသမား ကောင်းတွေကို ဆုံးရှုံးရနိုင်ချေရှိနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ခွင့်ဟာ ထိပ်တန်းကစားသမားတွေအတွက် အိပ်မက်တခု ဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရမယ်ဆိုရင် မန်စီတီးအသင်းအနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီအခြေအနေမှာ ပြင်သစ်လီဂူးထိပ်တန်းကလပ်အသင်းက ပီအက်စ်ဂျီက အသင်းရဲ့တိုက်စစ်အင်အားကိုဖြည့်တင်းဖို့ မာရတ်ဇ်ကိုစိတ်ဝင်စားလာတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။  အယ်လ်ဂျီးရီးယား လက်ရွေးစင်တိုက်စစ်မှူး မာရတ်ဇ်ဟာ ဒီရာသီအတွင်း မန်စီတီးအသင်း အတွက် အထူးခြေစွမ်းပြနေသူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားကာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။  အသက် ၂၉ နှစ်အရွယ် ကစားသမားနဲ့ မန်စီတီးအသင်းတို့ကြားစာချုပ်ဟာ ၂၀၂၃ ရာသီမှ ကုန်ဆုံးမှာဖြစ်ပေမယ့် ချန်ပီယံလိဂ်မက်လုံး အပါအဝင် မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှုမျိုးဆိုရင် မန်စီတီးအသင်းဟာ တိုက်စစ်ကစားသမားအား ဆက်ထိန်းနိုင်ဖို့ ရုန်းကန်ရနိုင်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘတ်ပီရဲ့နေရာမှာ အစားထိုးဖို့ မာရတ်ဇ်ကို စိတ်ဝင်စားနေတာဖြစ်ပြီး ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့တော်တော်လေး သတင်းကြီးနေသူလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up