ပရီးမီးယားလိဂ် ရပ်နားထားသဖြင့် စပါးနှင့်မန်ယူ အကျိုးရှိနိုင်ဟု သုံးသပ်နေ

863
ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခတ္တရပ်နားလိုက်တာက စပါးနဲ့ မန်ယူအသင်းအတွက် အကျိုးရှိနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ရဲ့ ဒဏ်ရာအခြေအနေတွေကြောင့်ဖြစ်ပါတယ်။
စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အပေါ့စားလေ့ကျင့်ခန်းတွေ ပြုလုပ်နေတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၃ ပတ်ခန့် ပွဲစဉ်တွေရပ်နားထားအပြီးမှာ ပြန်လည်ကစားနိုင်ဖို့ရှိနေတာပါ။
မန်ယူကွင်းလယ်လူ ပေါ့ဘာဟာလည်း ရာသီလက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေး ရလာခဲ့တာဖြစ်ပါတယ်။
စပိန် လာလီဂါမှာတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အေဒင်ဟာဇက်ဟာလည်း ဒဏ်ရာရနေတာကြောင့် ၃ ပတ်ခန့် ပွဲစဉ်တွေ ရပ်နားထားတာက ပြန်လည်ကစားနိုင်ဖို့အတွက် အခွင့်အရေးဖြစ်စေခဲ့ပါတယ်။