Saturday, June 10, 2023
Homeနိုငျငံတကာတရုတ် အိုင်ပီလိပ်စာကနေ တောင်ကိုရီးယား အင်တာနက်ဆာဗာများကို တိုက်ခိုက်

တရုတ် အိုင်ပီလိပ်စာကနေ တောင်ကိုရီးယား အင်တာနက်ဆာဗာများကို တိုက်ခိုက်

တရုတ်နိုင်ငံမှာ အခြေခံထားတဲ့ အိုင်ပီလိပ်စာတခုကနေ တောင်ကိုရီးယားနိုင်ငံ ရေဒီယို၊ ရုပ်သံလွှင့်ဌာနတွေနဲ့ ဘဏ်တွေရဲ့ အင်တာနက်ဆာဗာတွေကို မနေ့က ထိုးဖောက်ခိုးဝင် တိုက်ခိုက်လာတယ်လို့ ဆိုးလ်မြို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ YTN, MBC နဲ့ KBS တီဗီဌာနတွေနဲ့ အဓိက စီးပွားရေးဘဏ် ၂ ခုဖြစ်တဲ့ ရှင်ဟန်ဘဏ်နဲ့ နွန်ဟျပ် ဘဏ်တွေရဲ့ ဆာဗာကွန်ရက်တွေကို ဖြုတ်ချခဲ့တာပါ။ ခုတိုက်ခိုက်မှုကြောင့် အဖွဲ့အစည်း ၆ ခုက ကွန်ပျူတာ ၃၂၀၀၀ ကို သက်ရောက်ထိခိုက်သွားတယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် အင်တာနက်လုံခြုံရေးအေဂျင်စီက ထုတ်ပြန်ပါတယ်။

တောင်ကိုးရီးယား အင်တာနက်လုံခြုံရေးအေဂျင်စီအဖွဲ့ဝင်များ ဆိုင်ဘာတိုက်ခိုက်ခံရမှုဖြစ်စဉ်အား စစ်ဆေး(ဓာတ်ပုံ- AFP)

သက်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်တွေ နဂိုမူလအတိုင်း အပြည့်အ၀ ပြန်ဖြစ်အောင် ၅ ရက်လောက်တော့ အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။ ဘဏ်လုပ်ငန်းလည်ပတ်မှုတွေ နဂိုအတိုင်း ပြန်ဖြစ်လာစေဖို့ ဘဏ်လုပ်ငန်း ဆောင်ရွက်ချိန် ကြန့်ကြာခဲ့ရပြီး တီဗွီဌာနတွေရဲ့ ထုတ်လွှင့်မှုတွေကတော့ ပြတ်တောက်သွားမှု မရှိပေမယ့်လည်း ရုပ်သံကွန်ရက်တွေရဲ့ ဆာဗာတွေ အကြီးအကျယ် ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စုံစမ်းတွေ့ရှိထားတဲ့ အိုင်ပီလိပ်စာဟာ တိုက်ခိုက်မှုအတွက် ပြုံယမ်းအစိုးရမှာ တာဝန်ရှိတယ်လို့ ညွှန်ပြနေကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ အမည်မဖော်ထားတဲ့ တာဝန်ရှိသူတယောက် ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟက်ပ် သတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

အရင်က တောင်ကိုရီးယား သတင်းစာ တစောင်အပေါ် တိုက်ခိုက်မှုမှာလည်း တရုတ်အိုင်ပီလိပ်စာတခုကို သုံးစွဲထားတဲ့ မြောက်ကိုရီးယားကို ဆိုးလ်အစိုးရက ခြေရာခံမိ ထားပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း သတိပေးတပ်လှန့်မှု အဆင့်မြှင့်ထားခဲ့ပါတယ်။

တောင်ကိုရီးယားအဖွဲ့အစည်းတွေအပေါ် အင်တာနက်လုံခြုံရေး ခိုးဝင်ထိုးဖောက်ခဲ့တဲ့ အရင်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးမှုတွေအရ တောင်ကိုရီးယား ကွန်ပျူတာကွန်ရက်တွေကို စိမ့်ဝင်ထိုးဖောက်ဖို့ လေ့ကျင့်ပေးထားတဲ့ ပြုံယမ်းအစိုးရရဲ့ ကွန်ပျူတာ အင်ဂျင်နီယာတပ်ဖွဲ့ကြီးကို ခြေရာခံမိထားပါတယ်။

မြောက်ကိုရီးယားကတော့ သူဟာ ဆိုက်ဘာတိုက်ခိုက်မှု ခံရတဲ့သူပါလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားထားပါတယ်။ အမေရိကန်ပြည်ထောင်စုကို အပြစ်တင်ထားပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular