ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းရန် ဝက်စ်ဟမ်းအသင်းဒုဥက္ကဋ္ဌ တိုက်တွန်း

1K
အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ဖို့ ဝက်စ်ဟမ်းအသင်း ဒုတိယဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့အတူ ပရီးမီးယားလိဂ် ကစားသမားတွေနဲ့ နည်းပြတွေကိုလည်း ကူးစက်မူတွေ ရှိနေတာကြောင့် ဧပြီ ၃ ရက်အထိ ပွဲစဉ်တွေကို ရပ်နားထားရတာပါ။
ဘောလုံးသမားတွေ ဆက်လက်ကစားနိုင်ခြင်း မရှိရင်တော့ ဖျက်သိမ်းရမှာ ဖြစ်ပြီး နောက်ထပ် ၃ ပတ်တော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ အဆင်မပြေခဲ့ရင်တော့ အသင့်လျော်ဆုံး အစီအစဉ်က အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အပြီးသတ်ဖျက်သိမ်းလိုက်တာ ကောင်းမယ်လို့ ဝက်စ်ဟမ်းဒုတိယဥက္ကဋ္ဌ ကာရင်ဘရက်ဒီက ပြောကြောင်း The Sun သတင်းစာမှာ ဖော်ပြထားပါတယ်။
ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းက တန်းဆင်းဇုန်နဲ့ နီးကပ်နေတဲ့ အဆင့် ၁၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။