တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် ၉ ဦးသေဆုံး

2.7K
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်မှာ မုန်တိုင်းကြောင့် လူ ၉ ဦး သေဆုံးသွားပြီး ၂၇၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံအစိုးရက ဒီနေ့ ပြောကြားပါတယ်။
တုံကွမ်မြို့တော်မှာ မတ် ၂၀ ရက် နေ့လယ်ပိုင်းက မိုးသက်မုန်တိုင်း တိုက်ခတ်ပြီး မိုးသီးတွေလည်း ကျလာခဲ့တာပါ။ လေတိုက်နှုန်းက ၁ နာရီ ၁၇၆.၈ ကီလိုမီတာအထက်ရှိပြီး ဆီးနှင်းထုက ၄၀.၆ မမ အမြင့်ထိတောင် ရှိတယ်လို့ တုံကွမ်မြို့တော်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ တုန်ဟောင်ချွမ်က ပြောပါတယ်။
မိုးလေ၀သမှတ်တမ်း စတင်ထားရှိချိန်ကတည်းကဆိုရင် အခုတိုက်ခတ်တဲ့မုန်တိုင်းဟာ တုံကွမ်မှာ အင်အားအပြင်းဆုံး တော်နေဒိုဖြစ်တယ်လို့ တုန်က ဆိုပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်။