A d v e r t i s e m e n t With Us

ငွေဆောင်တွင် ဘက်စုံ ထူးချွန် အပန်းဖြေစခန်း ဖွင့်မည်

အခုနှစ်ကစပြီး ပြန်လည် ရွေးချယ်ထားတဲ့ ပြည်နယ်နဲ့ တိုင်း အခြေခံပညာကျောင်း အသီးသီးက လူရည်ချွန်တွေနဲ့ သမ္မတက ရွေးချယ် ဂုဏ်ပြုမယ့် ပြည်နယ်နဲ့ တိုင်းက ထူးချွန်သူတွေ အနားယူ အပန်းဖြေနိုင်မယ့် ဘက်စုံထူးချွန် အပန်းဖြေစခန်းကို ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေမှာ ဖွင့်လှစ်မယ်လို့ မတ် ၁၈ ရက်နေ့ ပုသိမ်မှာ ကျင်းပတဲ့ ညှိနှိုင်းစည်းဝေးပွဲမှာ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောပါတယ်။ လက်ရှိ မြန်မာတနိုင်ငံလုံးမှာ လူရည်ချွန်ကျောင်းသား အယောက် ၅၁၀ ရွေးချယ်ထားပြီး သမ္မတက ဂုဏ်ပြုမယ့် ထူးချွန်သူတွေကိုတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ရွေးချယ်နေဆဲ ဖြစ်ပါတယ်။ အရင် မဆလ အစိုးရခေတ်တုန်းကတော့ လူရည်ချွန်တွေနဲ့ စံပြလုပ်သားတွေကို ငပလီ ရွှေဝါချိုင့် ကမ်းခြေမှာ အပန်းဖြေစခန်း ဖွင့်ပြီး လည်ပတ် အပန်းဖြေစေခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up