ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် လုံးဝဖျက်သိမ်းပါက လီဗာပူး ချန်ပီယံဖြစ်ခွင့်ရှိ

ပြိုင်ဘက်အသင်း အများစုရဲ့ သဘောတူမှုကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မယ်ဆိုရင်တောင် လီဗာပူးအသင်းဟာ ချန်ပီယံဘွဲ့ကို ရရှိနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ရရှိဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီး ဒုတိယနေရာ မန်စီးတီးအသင်းကို ၂၅ မှတ် ဖြတ်ထားနိုင်ပါတယ်။  ဒါ့ကြောင့် ယာဂန်ကလော့ပ် အသင်းအနေနဲ့ နောက်ထပ်နှစ်ပွဲကို အနိုင်ရရှိရုံနဲ့ ဖလားကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် တခြားထိပ်သီးလိဂ်တွေနည်းတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အခြေအနေဟာလည်း မတည်မငြိမ်ဖြစ်လာပြီး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲတိုင်းကို ဧပြီလ ၄ ရက်နေ့အထိ ရပ်ဆိုင်းလိုက်ပါတယ်။  ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း ဒီခြိမ်းခြောက်မှုဟာ နောက်လ အနည်းငယ်အထိ ဆက်ရှိနေမှာကို စိုးရိမ်နေကြပြီး ဒီရာသီပြိုင်ပွဲကို ဖျက်သိမ်းနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေပါ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီလိုမျိုး ဖျက်သိမ်းခဲ့မယ်ဆိုရင်တောင် လီဗာပူးအသင်းဟာ ပရီးမီယားလိဂ် ချန်ပီယံအဖြစ်ကနေ ငြင်းပယ်ခံရနိုင်ခြေ မရှိဘူးလို့ Telegraph Sport သတင်းမှာ ဖော်ပြပါတယ်။  လီဗာပူးအသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ပေးခြင်းအပေါ် ကန့်ကွက်တဲ့အသင်း အနည်းငယ်သာ ရှိတယ်လို့လည်း ဒီသတင်းက  ဆိုပါတယ်။  လက်ရှိ ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်မှာ တပွဲရှုံး၊ တပွဲသာ သရေကျခဲ့တဲ့ လီဗာပူးအသင်းရဲ့ အောင်မြင်မှုကို ဘယ်အသင်းကမှ တားမြစ်ပိတ်ပင်လိုခြင်း မရှိဘူးလို့လည်း သတင်းမှာ ရေးသားထားပါတယ်။ လီဗာပူး နည်းပြကိုယ်တိုင်က ဧပြီလအထိ ပွဲစဉ်တွေ ရပ်ဆိုင်းထားခြင်းကို ထောက်ခံခဲ့သူ ဖြစ်ပြီး ကလော့ပ်က အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။  “ဒီနေ့ ဆုံးဖြတ်ချက်ဟာ အများပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ပြီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ကျ‌နော်တို့ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါတယ်” လို့ ကလော့ပ်က ပြောပါ တယ်။ 

More News
Up