ရီးရဲလ်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ဥရောပထိပ်တန်း ကလပ်များ ခေါ်ယူလိုနေ

736
ရီးရဲလ်မက်ဒရစ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်ကို ဥရောပ ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေပါတယ်။
အသက် ၂၂ နှစ်ရှိ ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၁ ဒသမ ၇၅ ရာခိုင်နူန်းသာ ကစားခွင့်ရခဲ့ပြီး ပွဲထွက်စားခွင့်ရရှိမှု အဆင့်အရ အဆင့် ၁၉ အထိ ရောက်ရှိနေတာပါ။
၂၀၁၈-၂၀၁၉ ရာသီက ဖရန့်ဖတ်အသင်းအတွက် ၄၈ ပွဲမှာ ၂၇ ဂိုး သွင်းယူခဲ့တဲ့ ဂျိုဗစ်ဟာ နည်းပြဇီဒန်းရဲ့ ကြိုက်နှစ်သက်မူကို ရယူနိုင်ခြင်း မရှိတာကြောင့် ပွဲထွက်ခွင့် နည်းပါးနေတာ ဖြစ်ပါတယ်။
ဂျိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူဟာ နာပိုလီ ကစားသမားတွေဖြစ်တဲ့ ကူလီဘယ်လီ၊ မက်ခ်စီမိုဗစ်၊ ဒမ်ဘီတို့ရဲ့ အေးဂျင့်လည်း ဖြစ်တာကြောင့် ဂျိုဗစ်ကို နာပိုလီအသင်းဆီ ရောင်းချဖို့ ဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။
ဂျိုဗစ်ဟာ ရီးရဲလ်အသင်းအတွက် စုစုပေါင်း ၂၄ ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးမှု ပြု လုပ်ထားပါတယ်။