ဆုတောင်းပေးသူများကို ကျေးဇူးတင်ကြောင်း ကိုရိုနာကူးစက်ခံ ချဲလ်ဆီး ကစားသမားပြော

1K
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ခံစားနေရကြောင်း ချဲလ်ဆီး တိုက်စစ်ကစားသမား ဟတ်ဆန်အိုဒွိုင်းက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ အာဆင်နယ်နည်းပြ အာတီတာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပြီးနောက် မကြာခင်မှာပဲ ဟက်ဆန်အိုဒွိုင်းမှာလည်း ကိုရိုနာဗိုင်းရပ်ကူး စက်ခံထားရကြောင်း ချဲလ်ဆီးအသင်းက အတည်ပြုခဲ့တာပါ။
ဒါကြောင့် ချဲလ်ဆီးအသင်းသားတွေဟာ လေ့ကျင့်ခန်းဆင်းဖို့ ရွှေ့ဆိုင်းထားပြီး တဦးချင်း သီးသန့် နေထိုင်ကြဖို့ အသင်းဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဟတ်ဆန်အိုဒွိုင်းကတော့ သူ့ဆီကို ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်ရှိပြီး မိမိအနေဖြင့် ကောင်းမွန်စွာနဲ့ ဆက်ရှိနေပြီး မကြာခင်မှာ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်တယ်လို့ အိုဒွိုင်းက တွစ်တာကနေတဆင့် အသိပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဧပြီ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရသူ စုစုပေါင်း ၇၉၈ ဦး၊ သေဆုံးသူ ၁၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၈ ဦးရှိပြီလို့ သိရပါတယ်။