ကနေဒါဝန်ကြီးချုပ်ဇနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Reuters
1.1K
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဘဒေါရဲ့ဇနီး ဆိုဖီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရတယ်လို့ ဝန်ကြီးချုပ်ရုံးက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်ကတော် ဆိုဖီဂရီဂွာထရူးဒေါဟာ မတ်လ ၁၂ ရက် ဆေးစစ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာ တွေ့ရတယ်လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်က ဖော်ပြ ထားပါတယ်။
အသက် ၄၈ နှစ်ရှိ ဝန်ကြီးချုပ် ထရူးဒေါကတော့ မည်သည့်ရောဂါလက္ခဏာမှ မပြသပေမဲ့ ကြိုတင်ကာကွယ်မှုနည်းအရ သူ့ကို ၁၄ ရက်ကြာ သီးခြားခွဲထုတ်ထားမှာဖြစ်ပြီး ဝန်ကြီးချုပ်မှာ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရဘူးလို့ ဆိုပါတယ်။
ကနေဒါဝန်ကြီးချုပ်ကတော်ဟာ ဗြိတိန်ကနေ ပြန်လာခဲ့ပြီးနောက် အဖျားရောဂါတွေ့ရှိမှု ကြောင့် ချက်ချင်းစစ်ခဲ့တာဖြစ်ပါတယ်။
ကနေဒါမှာ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ဦးရေ ၁၃၀ ကျော်သွားပြီလို့ ရိုက်တာ သတင်းအရ သိရပါတယ်။