အငြိမ်းစားခံစားခွင့် ဥပဒေကြမ်းကို ပြင်သစ်ရှေ့နေများ ဆန္ဒပြ

Reuters
ပြင်သစ်အစိုးရရဲ့ အငြိမ်းစားခံစားခွင့် ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး ရာနဲ့ချီတဲ့ ရှေ့နေတွေ ပါရီအော်ပရာမှာ မတ်လ ၁၁ ရက်က ဆန္ဒပြခဲ့ပါတယ်။  သူတို့ကိုတော့ အော်ပရာတီးဝိုင်းသားတွေက ပံ့ပိုးထောက်ခံခဲ့ကြတာပါ။ ရှေ့နေတွေဟာ ပြည်လုံးကျွတ်သပိတ်မှာ  ပူးပေါင်းဆန္ဒပြနေတာ လနဲ့ချီနေပါပြီ။ အငြိမ်းစားခံစားခွင့် ပြုပြင်ပြောင်းလဲရေးဥပဒေမူကြမ်းကို ပြန်ရုပ်သိမ်းဖို့လည်း တိုက်တွန်း နေခဲ့ကြပါတယ်။  စနစ်သစ်ဟာ လူအများ လက်တွေ့ကျင့်သုံးလိုက်နာမှုကို ခြိမ်းခြောက်လိမ့်မယ်၊ အငြိမ်းစား လစာအတွက် ထည့်ဝင်မှုကို ပိုတိုးဖို့လည်း လိုနေလိမ့်မယ်လို့ ရှေ့နေတွေက ပြောခဲ့ကြပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးဟာ ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ်အငြိမ်းစားစနစ်ကို တကြိမ်တည်းနဲ့ အကြီးဆုံးပြင်ဆင်မှုလည်း ဖြစ်နေလို့ လွှတ်တော်မတင်ခင်တည်းက ပြည်သူ့ပိုင်ကဏ္ဍတွေမှာ ၃ လ ကြာ သပိတ်နဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသားညီလာခံမှာ ပထမအကြိမ် ဖတ်ကြားအပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှာ ဒီဥပဒေမူကြမ်းကို အတည်ပြုခဲ့ပါတယ်။ အထူးဒီဂရီအမိန့်နဲ့ အတည်ပြုတာဖြစ်ပြီး မဲပေးစနစ်နဲ့ အတည်ပြုတာ မဟုတ်လို့ အတိုက်အခံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ စစ်ဆေးဦးမှာပါ။ လက်ရှိကျင့်သုံးနေတဲ့ မတူညီတဲ့ အငြိမ်းစားအစီအစဉ် ၄၂ ခုကနေ အငြိမ်းစားတိုင်းအပေါ် သက်ရောက်မယ့် တခုတည်းသော စနစ်ဖြစ်အောင်ပြင်ဖို့ ရည်မှန်းချက်ကို ပြင်သစ်သမ္မတ မက်ခွန်း က ဖြေလျှော့ပေးခဲ့ပြီးပါပြီ။  သမဂ္ဂတွေနဲ့ အမတ်တွေကတော့ မက်ခွန်းရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပုဂ္ဂလိကကဏ္ဍက လူတွေရဲ့လစာထက် နိမ့်တဲ့လူတွေအတွက် အကျိုးရှိစေပြီး ပြည်သူပိုင်ကဏ္ဍကို ပျက်စီးစေလိမ့်မယ် လို့ ပြောနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up