Homeမြန်မာသတင်း
စွန့်ပစ်အမှိုက်များထဲ နှာခေါင်းစည်းပိုများလာ၊ ဆိုကိုကျွန်းဂေဟစနစ် ခြိမ်းခြောက်နေဟု သတိပေး
စွန့်ပစ်အမှိုက်များထဲ နှာခေါင်းစည်းပိုများလာ၊ ဆိုကိုကျွန်းဂေဟစနစ် ခြိမ်းခြောက်နေဟု သတိပေး
DVB
·
March 13, 2020
ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်ပြီး နှာခေါင်းစည်းတွေ အများအပြားသုံးရာကနေ ဟောင်ကောင်မှာ စွန့်ပစ်အမှိုက်တွေထဲ နှာခေါင်းစည်းတွေ ပိုတိုးလာသလို ဆိုကိုကျွန်း ဂေဟစနစ်ကိုလည်း ခြိမ်းခြောက်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက သတိပေးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပြီး ဟောင်ကောင်ဒေသခံတွေ နှာခေါင်းစည်းတပ်တာကို နေရာတိုင်းလိုလို မြင်တွေ့ရပါတယ်။ ဒါပေမဲ့ အခုတော့ နှာခေါင်းစည်းတွေက ဟောင်ကောင်ရဲ့ ဝေးလံပြီး လူသူမနေတဲ့ ဆိုကိုကျွန်းပေါ်မှာ သောင်တင်နေကြပါတယ်။
အိုရှန်ဆာစီးယား ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ပူးတွဲတည်ထောင်သူ ဂယ်ရီစတုပ်စ်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ဟောင်ကောင်ကို လာလည်တော့ လူအတော်များများ နှာခေါင်းစည်းတပ်ထားတာကို သတိပြုမိတယ်လို့ ပြောပါတယ်။
နောက်တော့ ကမ်းခြေတွေမှာ နှာခေါင်းစည်းတွေ သောင်တင်နေတာ သတိပြုမိပြီး အဲဒီတနေ့တည်းတင် ကမ်းခြေတဝိုက်မှာ နှာခေါင်းစည်း အခု ၆၀ ကနေ ၇၀ လောက်ကို တွေ့ရတယ်လို့ ဂယ်ရီစတုပ်စ်က ပြောပါတယ်။
ဒါဟာ လူတွေအတွက် ထိတ်လန့်စရာကောင်းတယ်လို့ စတုပ်က ပြောခဲ့ပါတယ်။ စိန့်အန်ဒရူး ပင်လယ်နို့တိုက်သတ္တဝါ သုတေသနအဖွဲ့နဲ့ပူးပေါင်းပြီး စတုပ်စ်ဟာ ဆိုကိုကျွန်းပေါ်က သမုဒ္ဒရာအမှိုက်တွေကို သုတသနပြုနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။