သင်္ဃန်းကျွန်းမီးလောင်မှု လူနေအိမ် ၃၀ ခန့်ပျက်စီးဆုံးရှုံး
DVB
·
March 12, 2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ) ရပ်ကွက်၊ မင်္ဂလာလမ်းမှာ ဒီနေ့မွန်းလွဲ ၁ နာရီလောက်ကနေ စတင် မီးလောင်မှုဖြစ်ပွားလို့ လူနေအိမ်ခြေ ၃၀ နီးပါး ပျက်စီးဆုံးရှုံးသွားပါတယ်။
အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၂၃စီး၊ အုပ်ချုပ်မှုယာဉ် ၅စီး၊ ရေသယ်ယာဉ် ၁၃စီး၊ အထောက်ကူပြုယာဉ် ၄စီးနဲ့ Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရာမှာ မွန်းလွဲ၁ နာရီ၄၈မိနစ် လောက်မှာ မီးငြိမ်းသွားပါတယ်။ မီးစတင်လောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးမသိရှိရသေးပါဘူး။
Photo - Kyaw Swar Tun / MPA