သင်္ဃန်းကျွန်းမီးလောင်မှု လူနေအိမ် ၃၀ ခန့်ပျက်စီးဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ) ရပ်ကွက်၊ မင်္ဂလာလမ်းမှာ ဒီနေ့မွန်းလွဲ ၁ နာရီလောက်ကနေ စတင် မီးလောင်မှုဖြစ်ပွားလို့  လူနေအိမ်ခြေ ၃၀ နီးပါး ပျက်စီးဆုံးရှုံးသွားပါတယ်။ အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၂၃စီး၊ အုပ်ချုပ်မှုယာဉ် ၅စီး၊ ရေသယ်ယာဉ် ၁၃စီး၊ အထောက်ကူပြုယာဉ် ၄စီးနဲ့ Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရာမှာ မွန်းလွဲ၁ နာရီ၄၈မိနစ် လောက်မှာ မီးငြိမ်းသွားပါတယ်။ မီးစတင်လောင်ရတဲ့ အကြောင်းရင်းနဲ့  ဆုံးရှုံးမှုတန်ဖိုးမသိရှိရသေးပါဘူး။  Photo - Kyaw Swar Tun / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up