ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ကြန်တွင်း တရားစခန်းများ ယာယီဆိုင်းငံ့
သူသူအောင်
·
March 12, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ပျံ့နှံ့ကူးစက်မှာကို ကြိုတင်ကာကွယ် တားဆီးတဲ့အနေနဲ့ လာမယ့်သင်္ကြန်ကာလအတွင်းမှာ တရားစခန်းတွေကိုယာယီ ဆိုင်းငံ့ ထားပါတယ်။
လတ်တလော ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရ်စ် ရောဂါအခြေအနေကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက သတ်မှတ်ကြေညာလိုက်ပြီးနောက်မှာ အခုလို တရားစခန်းတွေကို ယာယီ ဆိုင်းငံ့ထားတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ သင်္ကြန်ကာလအတွင်းမှာ ရုံးဝန်ထမ်းတွေ၊ စျေးသည်တွေ။ ကျောင်းသူ ကျောင်းသားတွေဟာ ယောဂီဝတ်တရားစခန်းဝင်သူတွေရှိပြီး နိုင်ငံခြားသား ဧည့်သည်တွေပါ တရားစခန်းဝင်ရောက်တာတွေရှိပါတယ်။
မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကတော့ မတ်လကုန်ပိုင်းအထိတော့ ယောဂီတွေ၊ တရားစခန်း ဝင်သူတွေကို ဆိုင်းငံ့ထားပြီး ဧပြီလမှာတော့ ကမ္ဘာ့ကျန်းမာရေး အခြေအနေအရ ပြန်လည် ကြေညာပေးသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ မဟာစည်သာသနရိပ်သာ၊ သဲအင်းဂူ၊ မိုးကုတ်ဝိပသနာနဲ့တစ်ခြား တရားစခန်းတွေကိုလည်း ယာယီဆိုင်းငံ ထားပါတယ်။