A d v e r t i s e m e n t With Us

ထိုင်းတွင် မြန်မာအလုပ်သမားများကို တင်ဆောင်သည့်ကား တိမ်းမှောက်

ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီခရိုင်မှာ မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တယ်လို့ ရဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားထားပါတယ်။ ကားတိမ်းမှောက်မှုကြောင့် ၄ လအရွယ် ကလေးငယ်နဲ့ ၆ နှစ်အရွယ် ကလေးငယ် အပါအ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရာခဲ့ပြီး Pak Tho ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ရပ်ခ်ျဘူရီခရိုင် Pak Tho ရဲစခန်းက ဒုတိယရဲအရာရှိ အပြောအရ ကားရဲ့နောက်ဘီး ကားတာယာပေါက်ပြီးနောက် ကားမောင်းသမား မာလုခန်စမွတ်ဟာ အရှိန်မထိန်းနိုင်ဖြစ်ပြီး မြောင်းထဲကို ထိုးဆင်းတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီအလုံပိတ်ယာဉ်ဟာ နာရာသီဝပ်ခရိုင်ကနေ တာ့ခ်ခရိုင် မဲဆောက်ကိုသွားတာဖြစ်ပြီး မလေးရှားနိုင်ငံက သူတို့တွေကို နှင်ထုတ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ပုန်းအောင်းခဲ့သူတွေ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။ သူတို့တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့မယ့်ခရီးမှာ ကားတိမ်းမှောက်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up