Home
အနုပညာ
ဟောလိဝုဒ်မင်းသားကြီး တွမ်ဟန့်ခ်ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
DVB
·
March 12, 2020
ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား တွမ်ဟန့်ခ်နဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် မင်းသမီး ရီတာဝီလ်ဆန်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ အသက် ၆၃ နှစ်အရွယ် အော်စကာဆုရှင် မင်းသားဇနီးမောင်နှံဟာ ဩစတေးလျနိုင်ငံကို ရုပ်ရှင်ရိုက်ကူးရေးတခုနဲ့ ရောက်ရှိနေချိန်မှာ ခုလိုဖြစ်ခဲ့တာလို့ ဂါးဒီးယန်းသတင်းမှာ ဖော်ပြပါတယ်။ မင်းသားက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး ဖျားနာ၊ အအေးမိချင်သလိုဖြစ်လာတဲ့အတွက် ဆေးစစ်မှုပြုလုပ်ခဲ့ချိန် သူတို့မှာ ရောဂါ Positive အဖြေ ဖြစ်နေခဲ့တယ်လို့ ရေးသားဖော်ပြလိုက်တာပါ။ “ဟုတ်ပြီ၊ ဒါဆို ဘာဆက်လုပ်ရမလဲ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဆီက ညွှန်ကြားချက်တွေအတိုင်း လိုက်နာရမယ့် အရာတွေ ရှိပါတယ်။ ကျနော်တို့ စစ်ဆေးတယ်၊ တွေ့တယ်၊ စိတ်ချရတဲ့အခြေအနေအထိ သီးခြားနေရပါမယ်” တွမ်ဟန့်ခ်ဟာ အဲလ်ဗစ်စ်ပရက်စလေအကြောင်း ရိုက်ကူးမယ့်  ရုပ်ရှင်ရိုက်ကူးရေးအတွက် ဩစတေးလျနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ပရက်စလေရဲ့ မန်နေဂျာ တွမ်ပါ့ကား နေရာက ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နာမည်ကျော် Warnar Bros. ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီကားရဲ့ ရိုက်ကူးရေးကို လာမယ့် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ခုလောလောဆယ်မှာတော့ ရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024