Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
March 12, 2020
အပတ်စဉ် ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။        မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ်စတား ဗင်ဒီဇယ်လ်ခေါင်းဆောင်ပါဝင်ထားတဲ့ စူပါဟီးရိုးရုပ်ရှင်-Bloodshot !    Action Drama Sci-fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Sony Pictures Releasing က နေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဒါရိုက်တာ David S. F. Wilson က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။    စစ်သားတယောက်ဖြစ်တဲ့ Ray Garrison ဟာ ဇနီးဖြစ်သူနဲ့အတူ လုပ်ကြံသတ် ဖြတ်ခံခဲ့ရပြီးနောက်မှာ သူ့ကို သိပ္ပံပညာရှင်တစုက Nano Technology အသုံးပြုပြီး တော့ Super Human တယောက်၊ Super Soldier တယောက်ဖြစ်အောင် ဖန်တီး ပေးခဲ့ကြပါတယ်။ အဲဒီနောက် Bloodshot အမည်နဲ့ စွမ်းအားသစ်တွေ ပိုင်ဆိုင်လာခဲ့ပြီး ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ နောက်ပြီးတော့ သူ့ရဲ့ မှတ်ဉာဏ်တွေဟာ ပျောက်ဆုံးနေခဲ့တဲ့အတွက် ဒါကို တိုက်ထုတ်ဖို့၊ သူ့မိသားစုအတွက် လက်စားချေဖို့ရော ဖြစ်နိုင်ပါ့မလား၊ အဲဒီမှတ်ဉာဏ်တွေကရော အစစ်အမှန်ပဲလား၊ တကယ်လက်စားချေတာ ရော ဟုတ်ရဲ့လား၊ အဖွဲ့အစည်းတခုက သူ့ကို အသုံးချနေခဲ့တာလား၊ ဒါတွေကို စိတ်ဝင် စားစရာ အပစ်အခတ် စွန့်စားမှုအက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။    ဒီကားထဲမှာတော့ ဗင်ဒီဇယ်လ်နဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Eiza González ၊ Sam Heughan ၊ Toby Kebbell ၊ Guy Pearce စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက်  ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။    ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။    ဒီရုပ်ရှင်ကား Trailer ဟာ ထွက်ရှိလာချိန်ကတည်းက ပရိသတ်တွေကြားမှာ ရေ ပန်းစားနေခဲ့တာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့် ရှုသူ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။    ဒီကားကိုတော့ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ စတင်ပြီးတော့ ရုံတင်ပြသတော့ မှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။    နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိဝုဒ် Action Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ My Spy !    ဒီကားကိုတော့ STX Films က တင်ဆက်လိုက်တာဖြစ်ပြီး Anger Management ၊ 50 First Dates စတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရုပ်ရှင် ဒါရိုက်တာ Peter Segal က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ My Spy ဆိုတဲ့အတိုင်းပဲ မိသားစုတစုကို စောင့်ကြည့်ရတဲ့ CIA အေးဂျင့်တယောက်ဖြစ်တဲ့ JJ Cena ရဲ့ အကြောင်းကို ပရိသတ်တွေက ရှုစားကြ ရမှာပါ။ သူစောင့်ကြည့်ရတဲ့ မိသားစုထဲမှာတော့ Sophie Newton ဆိုတဲ့ ၉ နှစ်သမီး လေးတယောက်လည်း ပါနေပြီး ထင်မှတ်မထားပဲ JJ ကို စပိုင်အေးဂျင့်တယောက်မှန်း သိသွားတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ သူတို့ ၂ ယောက်ပူးပေါင်းပြီး ဘယ်လိုထူးထူးခြားခြား ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကို တော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ နာမည်ကြီး နပမ်းသမားတယောက်လည်းဖြစ်တဲ့ ဟောလိဝုဒ်စ တား သရုပ်ဆောင်မင်းသား Dave Bautista က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Kristen Schaal ၊ Ken Jeong တို့နဲ့အတူ ကလေးသရုပ်ဆောင် Chloe Coleman တို့ကလည်း ပါဝင်ထားကြတာ ဖြစ် ပါတယ်။    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။    ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၉၉ သန်း အကုန်အကျခံ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။    ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။    ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့်မတ်လ ၁၃ ရက်နေ့မှာ ရုံတင် ပြသသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။        နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စိတ်ဝင်စားစရာ ကောင်း တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့  ဒရာမာရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဟောလိဝုဒ်ရုပ်ရှင်-Never Rarely Sometimes Always !    ဒီကားကိုတော့ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးသွားမှာ ဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Eliza Hittman က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။    အမေရိကန်နိုင်ငံ၊ Pennsylvania ပြည်နယ်ကျေးလက်ဒေသထဲမှာ နေထိုင်တဲ့ Autumn နဲ့ Skylar တို့ ဆယ်ကျော်သက် ညီအစ်မဟာ ထင်မှတ်မထားပဲ ရရှိခဲ့တဲ့ ကိုယ် ဝန်ကြောင့် ဒါကို ဖြေရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကူကယ်ရာမဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရချိန်မှာတော့ ဘယ်လိုဖြေရှင်းကြမလဲ၊ ပြည် နယ်ဖြတ်ကျော်ပြီး နယူးယောက်မြို့ဆီ ထွက်လာခဲ့ကြချိန်မှာတော့ ဘာတွေ ဆက်ဖြစ် လာမလဲ၊ အဲဒီနောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာတွေကို ဘယ်လို အလှည့်အ ပြောင်းတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ မ ကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Ryan Eggold ၊ Talia Ryder ၊ Sidney Flanigan ၊ Théodore Pellerin စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။    ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော် တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့် ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။    IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပါတယ်။    ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Sundance Film Festival ၊  Berlin International Film Festival တွေမှာ ကနဦးပြသခဲ့ပြီး ဆုတွေလည်း ရရှိ ထားခဲ့ပါတယ်။    လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။    ကြာမြင့်ချိန် ၁၀၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိကန်နိုင်ငံမှာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။    မူဗီခရေဇီတွေကို ဒီတခါထပ်ပြီးတော့ မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကတော့ ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် အိန္ဒိယရုပ်ရှင်-Baaghi 3 !    ဒီကားကိုတော့ Fox Star Studios က ဖြန့်ချိပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ Baaghi 2 ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ahmed Khan ကပဲ ပြန်ပြီးတော့ ရိုက်ကူးပုံဖော်ပေး ထားခဲ့တာပါ။    ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  Baaghi ၊ ၂၀၁၈ မှာ ထပ်ပြီး ထွက်ရှိလာတဲ့ Baaghi 2 ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားတကားအနေနဲ့ ထွက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ကား ၂ ကားဟာ ရုံပြည့်ရုံလျှံ အောင်မြင်တဲ့၊ ပရိ သတ်တွေ လက်ခံအားပေးတဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့တာမို့ ဒီကားထဲမှာရော ဘယ်လို ထူးခြား တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါ တယ်။    ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ အိန္ဒိယအက်ရှင်မင်းသား Tiger Shroff နဲ့ သရုပ်ဆောင်မင်းသမီး Shraddha Kapoor တို့က ခေါင်း ဆောင်ပါဝင်ထားကြတာဖြစ်ပြီး ပြန်ပေးဆွဲခံထားရတဲ့ အစ်ကိုဖြစ်သူကို ကယ်တင်ပြီး သွေးကြွေး ပြန်ဆပ်မယ့်သူတယောက်အနေနဲ့ Tiger Shroff ကို ပရိသတ်တွေက မြင်တွေ့ကြရမှာပါ။    ကြာမြင့်ချိန် ၁၄၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသနေတာပါ။ မြန်မာနိုင်ငံမှာလည်း ဒီကားကို လက်ရှိရုံတင် ပြသနေတာမို့လို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။    မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဖြစ်ရပ် မှန် Music Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ I Still Believe !    ဒီကားကိုတော့ ဟောလိဝုဒ်ဒါရိုက်တာညီနောင် Erwin Brothers က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါ တယ်။    I Still Believe ဆိုတာကတော့ American Christian Music အဆိုတော်တ ယောက်ဖြစ်တဲ့ Jeremy Camp ရဲ့ သီချင်းတပုဒ်ပါ။ Camp ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်လောက်မှာ ချစ်သူ Melissa နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံအကြောင်း မ လှစွာပဲ Melissa ဟာ တနှစ်အကြာမှာ သားအိမ်ခေါင်းကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ ပါတယ်။ အဲဒီအချိန်မှာ Melissa ဟာ အသက် ၂၁ နှစ်သာ ရှိသေးပြီး Camp လည်း 23 နှစ်သာ ရှိပါသေးတယ်။ I Still Believe သီချင်းကတော့ Melissa ကွယ်လွန်ပြီးချိန်မှာ Camp က အမှတ်တရအနေနဲ့ ရေးစပ်သီဆိုပေးခဲ့တဲ့ သီချင်းပါ။ ဒီအကြောင်းအရာတွေ နဲ့အတူ ဘယ်လို လွမ်းဆွေးစရာ၊ ကြည်နူးစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံ ဖော်ထားမလဲ ဆိုတာကတော့ မကြာခင်မှာပဲ ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါ တယ်။    ဒီကားထဲမှာတော့ နယူးဇီလန် လူငယ်သရုပ်ဆောင်မင်းသား KJ Apa ၊ သရုပ် ဆောင်မင်းသမီး Britt Robertson တို့က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီး Country အဆိုတော် Shania Twain ကလည်း Camp ရဲ့ မိခင်နေရာက အားဖြည့် ပါဝင် ထားခဲ့တာ ဖြစ်ပါတယ်။    ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။    ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ ဒီကားကိုတော့ နိုင်ငံတကာမှာ လာမယ့် မတ်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024