Home
မြန်မာသတင်း
တပ်မတော်အရာရှိ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၀ ဦးကို အေအေအဖွဲ့ ထပ်မံဖမ်းဆီး 
ဝဏ္ဏခွာညို
·
March 11, 2020
မြန်မာတပ်မတော် တပ်မ ၇၇ လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ အခြေစိုက်၊ ခမရ(၇) မှ ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူး တစ်ဦး၊ အခြားဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦးခန့်ကို မတ်လ ၁၁ ရက်နေ့က လက်နက် ၁၄ လက်ခဲယမ်းတချို့နဲ့ အတူ ထပ်မံလက်ရ ဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော်အေအေက သတင်းထုတ်ပြန်ပါတယ်။ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ခမရ ၇ မှ ဗိုလ်ကြီးတဦး၊ ဆေးဗိုလ်ကြီး တဦးအပါအဝင်ပေါ့လေ။ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိထားတာရှိတယ်ဗျ၊ ဒီကနေ့ ဖမ်းဆီးရမိထားပေါ့။ နောက်ပြီးတော့ အဲ့ဒီမီးဝချောင်းတဝိုက်၊ တင်းမနားတွေမှာ ဆက်ပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတာတွေရှိတယ်ဗျ”လို့ ပြောပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ မြန်မာတပ်မတော်ဘက်က အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်နေတာတွေရှိသလို လေကြောင်းပစ်ခတ်နေ တာတွေရှိပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ခိုင်သုခက ပြောပါတယ်။ မတ်လ ၁၀ ရက်နေ့တိုက်ပွဲမှာလည်း မီးဝဗျူဟာကုန်းကို စစ်ကူပေးဖို့လာတဲ့ မြန်မာ့ တပ်မတော်ရဲ့ စစ်ကြောင်းတွေထဲက တပ်မ(၇၇) လက်အောက်ခံ ပဲခူးတိုင်း၊ ဘုရားကြီးမြို့ အခြေစိုက် ခမရ(၇) ရဲ့ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံး စုစုပေါင်း ၂၀ ဦးလောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ အေအေ သတင်းထုတ်ပြန်ထားပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်အနောက်ပိုင်းတိုင်စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီနေ့နေ့လယ်ပိုင်းကဒီဗွီဘီက ဖုန်းဆက်သွယ်ခဲ့ရာမှာ ပြန်လည်ဖြေဆိုမရှိတဲ့အတွက် အဆိုပါ ဖမ်းဆီးမှုသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- ခွန်ဇော်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024