ပါကစ္စတန် လေတပ်က F-16 တိုက်လေယာဉ် ၁ စီးပျက်ကျ 

ပါကစ္စတန် လေတပ်က F-16 တိုက်လေယာဉ်တစီးဟာ မြို့တော် အစ္စလာမ်မာဘတ်မှာ မတ် ၁၁ ရက် မနက်ပိုင်းက ပျက်ကျခဲ့တယ်လို့ လေတပ် ပြောခွင့်ရက ပြောပါတယ်။ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ဟာ မတ် ၂၃ ရက်မှာ ကျင်းပမယ့် ပါကစ္စတန်နေ့ အခမ်းအနား လေကြောင်းပြပွဲနဲ့ စစ်ရေးပြပွဲအတွက် လေ့ကျင့်နေချိန်မှာ ပျက်ကျတာလို့ ပါကစ္စတန် လေတပ်က ကြေညာပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကို ပျက်ကျတဲ့နေရာဆီ လွှတ်ထားပြီးပြီ ပျက်ကျရတဲ့ အကြောင်းရင်းကို လေတပ်ဌာနချုပ်က စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အမိန့်ထုတ်ထားပြီးပြီလို့ ကြေညာချက်က ဆိုပါတယ်။ ဘယ်နေရာ အတိအကျမှာ ပျက်ကျတာလဲ ဆိုတာရယ် လေယာဉ်မှူးနဲ့ ပူးတွဲ လေယာဉ်မှူးတို့ ကံကြမ္မာ ဘယ်လိုရှိတယ်ဆိုတဲ့ အချက်အလက်တွေကို မသိရသေးပါဘူး။  F-16 တိုက်လေယာဉ် တစီးကို အမေရိကန် ဒေါ်လာ သန်း၄၀လောက် တန်ပြီး ပါကစ္စတန် စစ်တပ်မှာ F-16 တိုက်လေယာဉ် အစီးငါးဆယ် ရှိတယ်လို့ အီကော်နောမစ်တိုင်းမ်စ် သတင်းမှာ ရေးပါတယ်။ ပါကစ္စတန်မှာ စစ်ဘက်အရပ်ဘက် လေကြောင်း ဘေးကင်းရေး စံချိန်တွေ မတည်ငြိမ်တာကြောင့် လတ်တလောနှစ်တွေမှာ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ မကြာခဏ ပျက်ကျခဲ့တယ်လို့လည်း မီဒီယာတွေက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up