ယနေ့ည အာဆင်နယ်နှင့် မန်စီးတီးပွဲစဉ် ရွှေ့ဆိုင်း

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။ ပွဲစဉ် ရွှေ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ အာဆင်နယ်အသင်း ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အိုလံပီယာကောစ့်ပိုင်ရှင် ဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့လို့ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်အရွယ် မာရင်နာကစ်စ်ဟာ အိုလံပီယာကောစ့်အသင်းအပြင် အင်္ဂလန်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်စ်ကွင်းထဲ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဂရိသူ‌ဌေးနဲ့ အနီးနားမှာရှိခဲ့တဲ့ အာဆင်နယ် ကစားသမားတွေဟာ ၁၄ ရက်ကြာ နေအိမ်တွေမှာပဲ နေထိုင်ပြီး ရောဂါအခြေအနေကို စောင့်ကြည့်ခံအဖြစ် နေထိုင်သွားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up