စီးရီးအေပြိုင်ပွဲများ ပြီးဆုံးမည်မဟုတ်ဟု အီတလီဘောလုံးအဖွဲ့ချုပ် ပြော

601
အခုရာသီအတွက် အီတလီ စီးရီးအေပြိုင်ပွဲတွေ ပြီးဆုံးမှာမဟုတ်ဘူးလို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါ့ကြောင့် ချန်ပီယံ အဆုံးအဖြတ်အတွက်နဲ့ တန်းဆင်း တန်းတက်ရေး အဆုံးအဖြတ်တွေအတွက် Play OFF ကစားတဲ့ပုံစံနဲ့ ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။
အီတလီနိုင်ငံမှာ Covid-19 ကြောင့် တနိုင်ငံလုံး ပိတ်ချလိုက်ပြီး စီးရီးအေပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲအားလုံးနီးပါးကို တံခါးပိတ် ကျင်းပနေပါတယ်။
လက်ရှိမှာတော့ အီတလီ အားကစားအဖွဲ့ချုပ်က အားကစားပြိုင်ပွဲအားလုံးကို ဧပြီ ၃ ရက်နေ့အထိ ပိတ်ထားပါတယ်။