နေပြည်တော်တွင် မီးလောင်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 11, 2020
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှာ မတ်လ ၁၁ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး စိန်ပန်းပြာလမ်းနဲ့ချင်းတွင်းလမ်းထောင့်မှာရှိတဲ့ သွပ်မိုး နှစ်ထပ်အိမ် နှစ်လုံး မီးလောင်ပျက်စီးသွားပါတယ်။