ချန်ပီယံလိဂ် ဒုတိယအကျော့ရှုံးထွက်မှာ လိုက်ဇစ်နှင့် အတ္တလန္တာ နိုင်ပြီး နောက်တဆင့်တက်

819
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွေမှာ လိုက်ဇစ်နဲ့ အတ္တလန္တာတို့ နိုင်ပွဲကိုယ်စီနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
လိုက်ဇစ်က အိမ်ကွင်းမှာ စပါးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ နှစ်ပွဲပေါင်း ရလဒ် ၄ ဂိုး ဂိုးမရှိနဲ့ လိုက်ဇစ်က ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဗယ်လန်စီယာကတော့ အိမ်ကွင်းမှာ အတ္တလန္တာကို ၄ ဂိုး ၃ဂိုးနဲ့ ရှုံးသွားပါတယ်။ ဒီပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်တာကြောင့် ကွင်းပိတ်ကစားခဲ့ရာမှာ အီတလီကလပ် အတ္တလန္တာက နှစ်ပွဲပေါင်းရလဒ် ၈ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။