အပစ်အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် အိန္ဒိယရုပ်ရှင် – Baaghi 3 (နမူနာ)

Photo : TIMESOFINDIA.COM
ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် အိန္ဒိယရုပ်ရှင် - Baaghi 3 ကို မြန်မာနိုင်ငံမှာ လတ်တ‌လော ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ Fox Star Studios က ဖြန့်ချိပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ Baaghi 2 ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ahmed Khan ကပဲ ပြန်ပြီးတော့ ရိုက်ကူးပုံဖော်ပေး ထားခဲ့တာပါ။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  Baaghi ၊ ၂၀၁၈ မှာ ထပ်ပြီး ထွက်ရှိလာတဲ့ Baaghi 2 ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားတကားအနေနဲ့ ထွက် ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်ကား ၂ ကားဟာ ရုံပြည့်ရုံလျှံ အောင်မြင်တဲ့၊ ပရိသတ်တွေ လက်ခံအားပေးတဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့တာမို့ ဒီကားထဲမှာရော ဘယ်လို ထူးခြားတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ အိန္ဒိယ အက်ရှင်မင်းသား Tiger Shroff နဲ့ သရုပ်ဆောင်မင်းသမီး Shraddha Kapoor တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပြီး ပြန်ပေးဆွဲခံထားရတဲ့ အစ်ကိုဖြစ်သူကို ကယ်တင်ပြီး သွေးကြွေးပြန်ဆပ်မယ့်သူ တယောက်အနေနဲ့ Tiger Shroff ကို ပရိသတ်တွေက မြင်တွေ့ကြရမှာပါ။

ကြာမြင့်ချိန် ၁၄၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က စတင်ပြီး ရုံတင်ပြသခဲ့တာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ ဒီကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up