သံလွင်တိုင်းမ် ဂျာနယ် စာနယ်ဇင်းဆု ရ
DVB
·
March 20, 2013
မတ် ၁၉ ရက်နေ့ မော်လမြိုင်မြို့မှာ ကျင်းပတဲ့ မွန်ပြည်နယ်နေ့ အခမ်းအနားမှာ မွန်ပြည်နယ်အဆင့် စွမ်းဆောင်ရည်ဆုတွေ ချီးမြှင့်ခဲ့ရာမှာ “သံလွင်တိုင်းမ်” ဂျာနယ်က (စာနယ်ဇင်း) ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်ဆုရခဲ့တယ်လို့ တာဝန်ခံအယ်ဒီတာ ဦးကိုကိုဇော်က ဒီဗွီဘီ ကို ပြောပါတယ်။
မွန်ပြည်နယ် အစိုးရအနေနဲ့ ဒီလို စွမ်းဆောင်ရည် ဆုတွေကို အခုနှစ်မှ စပေးတာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ် ဂျာနယ်ဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက သတင်းတွေကို ဖော်ပြနေတဲ့ မော်လမြိုင်မြို့ အခြေစိုက် သတင်းဂျာနယ် ဖြစ်ပြီး ၁ လကို ၂ ကြိမ်၊ စောင်ရေ ၄၀၀၀ ထုတ်ဝေနေတယ်လို့ ဦးကိုကိုဇော်က ရှင်းပြပါတယ်။