Home
မြန်မာသတင်း
ဒီမိုကရေစီပညာရေးသပိတ် ၅ နှစ်ပြည့်အခမ်းအနား မန္တလေးတွင်ကျင်းပ
Aung Aung Naing
·
March 10, 2020
ဒီမိုကရေစီပညာရေးစနစ်ပေါ်ပေါက်ရေးတွက် မန္တလေးမှရန်ကုန်ကို ခရီးရှည်ချီတက်သပိတ် မှောက်ခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ၅ နှစ်ပြည့် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ကံတက်ကုန်း (မစိုးရိမ်) ကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီ ပညာရေးသပိတ် ၅ နှစ်ပြည့် အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ ဦးအောင်မှိုင်းဆန်းက  “၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မန္တလေးကနေ ရန်ကုန်ကို သပိတ်မှောက်ချီတက်ခဲ့ကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကြီးကို လက်ရှိ လူငယ်တွေ လက်ရှိကျောင်းသားတွေ ကိုယ်ဖြစ်ခဲ့တဲ့ သမိုင်းတွေသိစေဖို့နဲ့ ပညာရေးဥပဒေ၊ နည်းဥပဒေတွေကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ပညာရေးစနစ် အမြန်ပြောင်းလဲနိုင်ဖို့နဲ့ မရသေးဒီမိုကရေစီပညာရေးစနစ်ကို ရနိုင်ဖို့ လက်ရှိကျောင်းသားလူငယ်တွေ ရှိအောင်ကြိုးစား သွားကြဖို့ လက်ရှိပြည်သူ့အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပညာစနစ်ကို ပေါ်ပေါက်ဖို့ လိုက်လျောပေးဖို့”ပြောပါတယ်။ ဒီမိုကရေစီ ပညာရေးသပိတ် ၅ နှစ်ပြည့် အခမ်းအနား မန္တလေးမှာ ကျင်းပတဲ့အခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီမိုပရေစီပညာရေးသပိတ်မှာပါဝင်ခဲ့တဲ့ ဆရာတော်ဦးဥတ္တမ၊ ဦးသောပိတ၊ ဦးစိန္တိနဲ့ ဗကသ ကျောင်းသားဟောင်းများ မျိုးဆက်သစ်ဗကသကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ မန္တလေးမှရန်ကုန်ကို ခရီးရှည်ချီတက်သပိတ် မှောက်ခဲ့တဲ့ သံဃာနဲ့ ကျောင်းသား လူငယ်တွေပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း၊ လက်ပံတန်းမှာ ဦးသိန်းစိန်အစိုးရရဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းခံခဲ့ရပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024