ပြည်သူ့လွှတ်တော်နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဆိုရှုံးနိမ့်
DVB
·
March 19, 2013
မတ် ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမတ် ၈ ယောက် အကြိတ်အနယ် ဆွေးနွေးပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ မှာပါတဲ့ တားမြစ် ကန့်သတ်ထားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူရဲ့ ပါဝင်မှုဟာ ၈၀ ရာခိုင်နှုန်းထက် မကျော်စေရဆိုပြီး အတည်ပြုခဲ့ကြပါတယ်။
ဒါဟာ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်အတိုင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့ကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ၄၉ ရာခိုင်နှုန်းထက် မကျော်စေရလို့ ပြင်ဆင်လိုခဲ့ပါတယ်။
အဲဒီအတွက် အမျိုးသားလွှတ်တော်နဲ့ သဘောကွဲလွဲမှု ရှိခဲ့တာကြောင့် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားတွေကို ၈၀ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့် ပေးတဲ့အချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။