Home
မြန်မာသတင်း
နိုင်ငံခြားထုတ်ဆေးဝါးစျေး မြင့်တက်လာသဖြင့် မြန်မာ့တိုင်းရင်းဆေးသုံးသူများလာ
DVB
·
March 8, 2020
နိုင်ငံခြားထုတ် ဆေးဝါးစျေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် မြန်မာတိုင်းရင်းဆေးကို မှီးခိုသုံးစွဲသူ များပြာလာတယ်လို့ မကွေးတိုင်း တိုင်းရင်းဆေးသမားတော်တွေက ပြောကြားလိုက်ပါတယ်။ မတ် ၈ ရက်၊ တပေါင်းလပြည့်နေ့မှာကျရောက်တဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းနားမှာ အခုလို ပြောကြားလိုက်တာပါ။ မကွေးတိုင်း တိုင်ရင်းဆေးဆရာများ အသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်အောင်က" အနောက်တိုင်းဆေးပညာက မရှိမဖြစ်ဆိုပေမယ့် စျေးနှုန်းသက်သာတဲ့ ဘိုးဘွားအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို ၉၀ ရာခိုင်နှုန်းလောက် မှီခိုအသုံးပြုလာနေတာပါ။ အဓိကအ‌နေနဲ့တော့ ကျေးလက်နေ ပြည်သူတွေက ပိုပြီး အသုံးပြုလာတာတွေ့ရတယ်။ တိုင်းရင်းဆေးဝါးတွေဟာ သဘာဝသစ်ဉ၊ သစ်မြစ်တွေနဲ့ ဖော်စပ်ထားတေဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါတယ်။ ကုန်ကျစရိတ် သက်သာတဲ့ မြန်မာ့တိုင်းရင်းဆေးကို အသုံးပြုဖို့အတွက် ကျေးလက်ဒေသတွေမှာ ပညာပေး ကုသတာတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ မကွေးမြို့က တိုင်းရင်းဆေးသမားတော်ကြီး ဦးဟိဏ်ထက်က “တိုင်းရင်းဆေးပညာ ဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စနစ်တကျ ဖော်စပ်ထားတဲ့ ဆေးဝါးတွေနဲ့ ကုသပေးနေတာပါ။ တိုင်းရင်းဆေးဝါတွေဟာ မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ ကိုက်ညီမှုရှိပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့အတွက် ပိုမိုသုံးစွဲလာကြတာပါ။ မကွေးတိုင်းအတွင်းမှာ တိုင်းရင်း​ဆေးရုံ ၄ ရုံ၊ ပရဟိတ​ ဆေးခန်း ၂ ခုနဲ့ ပုဂ္ဂလိက တိုင်းရင်းဆေးခန်း ၃၀ လောက်ရှိပါတယ်" လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းအနေနဲ့ မကွေးမြို့ မြမြင်းမိုရ် ဆေးခန်းမှာ အပတ်စဉ် စနေနေ့နဲ့ မင်းဘူးမြို့ ရသေ့တောင်ဆေးခန်းမှာ တနင်္ဂနွေနေ့တိုင်း လူနာ ၃၀၀ လောက်ကို အခမဲ့ စမ်းသပ် ကုသပေးနေတယ်လို့ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024