ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကပ်ရောဂါအဆင့် ရောက်ရှိဟု ဗြိတိန်ပညာရှင်ပြော

China Daily via Reuters
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ကပ်ရောဂါအဆင့်ကို ရောက်ရှိနေပြီး ဆေးရုံတင်ကုသနေတဲ့ လူနာတွေရဲ့သေဆုံးနှုန်းဟာ ၂ ဒဿမ ၅ ရာခိုင်နှုန်းခန့် ရှိလာနိုင်တယ်လို့ ဗြိတိန်ကပ်ရောဂါဗေဒပညာရှင်တဦးက ပြောလိုက်ပါတယ်။  လန်ကတ်စတာ တက္ကသိုလ်က ကထိကတဦးဖြစ်တဲ့ ဂတ်သာရာက ဗြိတိန်အနေနဲ့ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အချိန်ကိုးပတ်ရှိပြီး အောင်မြင်မှုဟာ ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အစီအစဉ်တွေအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ကာလတခုအထိ ရှင်သန်နိုင်ပြီး၊ အခြားတုပ်ကွေးရောဂါတွေနဲ့ ဆင်တူတဲ့ ရာသီအလိုက် ဖြစ်ပွားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မတ် ၈ ရက် မွန်းလွဲ ၂ နာရီအထိ အတည်ပြုချက်တွေအရ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၃ နိုင်ငံက လူပေါင်း ၁၀၆၂၀၃ ကို ကူစက်ခဲ့ပြီး၊ သေဆုံးသူ ၃၆၀၀ ရှိပြီလို့ သိရပါတယ်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးမှုနှုန်းဟာ ၃  ဒဿမ ၄ ရာခိုင်နှုန်းရှိလို့၊ ရာသီအလိုက်ဖြစ်လေ့ရှိတဲ့ တုပ်ကွေးအဖျားကြောင့် သေဆုံးနှုန်း ဝ.၁ ရာခိုင်နှုန်းထက်စာရင် အဆ ၃၀ ပိုများနေတာလို့ ဒီအပတ်အတွင်း ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up