ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် ဖျော်ဖြေရေးလုပ်ငန်းများ စတင်ဆုံးရှုံးလာဟုဆို

Reuters
1.7K
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဖျော်ဖြေရေးလုပ်ငန်းလောကဟာ ဆုံးရှုံးမှုတွေနဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ကြုံတွေ့နိုင်ရကြောင်း Variety မဂ္ဂဇင်းရဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာ မတ် ဒွန်နယ်လီက ပြောကြားလိုက်ပါတယ်။
နောက်ဆုံးထွက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို ဧပြီမှာ ရုံမတင်နိုင်တော့တာနဲ့ပတ်သက်လို့ ဖျော်ဖြေရေးလုပ်ငန်းလောကတခုလုံးဟာ ဆုံးရှုံးမှု သက်ရောက်ချက်တွေ စနေပြီလို့ ပြောပါတယ်။
တရုတ်လိုနိုင်ငံမျိုးကိုကြည့်မယ်ဆိုရင် အခြေခံအားဖြင့် ရုပ်ရှင်ရုံတွေဟာ သော့ပိတ် ထားလိုက်ရပြီး ပြည်သူတရပ်လုံးကိုလည်း အိမ်ထဲမှာပဲနေခိုင်းဖို့ တိုက်တွန်းထားပါတယ်။
နောက်ဆုံး ခန့်မှန်းချက်တွေအရ ဒီနွေရာသီအစမှာ ဟောလိဝုဒ်ဟာ ဆုံးရှုံးမှု ဒေါ်လာငါးဘီလျံလောက် လျော့သွားမယ် ထင်ပါတယ်လို့ ပြောပါတယ်။
ကိုရိုနာကြောင့် နောက်ထပ်ထိခိုက်ရတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကတော့ ဂီတပွဲတွေ ဖြစ်သလို၊ ဒစ်စနေးကုမ္ပဏီရဲ့ ကစားကွင်း ဥယျာဉ်တွေလည်း ဝင်ငွေကြီးကြီးမားမား ဆုံးရှုံးရ ဖွယ်ရှိနေပါတယ်။
ဒွန်နယ်လီက မတ် ၂၇ ရက်နေ့ ရုံတင်မယ့် Mulan ဇာတ်ကား ဝင်ငွေပမာဏဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်နေစဉ် ကာလအတွင်း အမေရိကန်တွေရုပ်ရှင်ကြည့်ဖို့ ဘယ်လိုခံစားရသလဲဆိုတာ ညွှန်ပြလိမ့်မယ်လို့ ရိုက်တာသတင်းကို ပြောထားပါတယ်။