မန်ယူနိုက်တက်ကို ရမှတ်အများကြီးဖြတ်ထားနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ဂွါဒီယိုလာပြော

Reuters
894
မန်ယူနိုက်တက်အသင်းအပေါ် ရမှတ် အပြတ်အသတ်နဲ့ အသာစီးရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။
မန်ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီကနေ့ည ၁၁ နာရီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယား လိဂ်ပွဲစဉ် ၂၇ အပြီးမှာ မန်ယူအသင်းကို ၁၅ မှတ်အထိ ဖြတ်ထားတာဖြစ်ပါတယ်။
မန်ယူနည်းပြဆိုးလ် ရှားကိုတော့ ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပြီး အသင်းရဲ့ ခြေစွမ်းတိုးတက်လာဖို့အတွက် အကောင်းဆုံး ကြိုးစားနေသူလို့ ပြောပါတယ်။