မိုးကုတ် ကျောက်တွင်းဟောင်းပြိုကျမှုကြောင့် ၂ ဦး ပိတ်မိနေ
DVB
·
March 8, 2020
ငလျင်လှုပ်ခတ်မှုကြောင့် မိုးကုတ်မြို့နယ်မှာ မတ်လ ၇ ရက်က ကျောက်တွင်းဟောင်း တခုပြိုကျခဲ့ကာ ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား ၂ ဦး ပိတ်မိနေပါတယ်။
မတ် ၇ ရက်မနက် ၁၀ နာရီ ၃၅ မိနစ်လောက်က သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၂၂ မိုင်လောက်အကွာကို ဗဟိုပြု၍အင်အား ရစ်ချ်စတာစကေး ၄.၈ အဆင့်ရှိ ငလျင် ၁ ခု လှုပ်ခတ်ခဲ့ တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
အဲဒီငလျင်ကြောင့် မိုးကုတ်မြို့နယ် မြေမဲကျေးရွာအနီးရှိ အမှတ်(၃) ကျောက်တွင်းဟောင်းရဲ့ တွင်းဆင်လမ်းဟာ ပေ ၃၅၀ ခန့်လောက်ပြိုကျခဲ့လို့ ကျောက်ရှာဖွေသူ ၅ ဦး ပိတ်မိနေခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ပိတ်မိနေသူတွေကို မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ခဲ့ရာမှာ ဦးဝင်းရွှေအပါအဝင် ၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့ပြီး ဦးလှဝင်း အပါအဝင် ၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ပိတ်မိကျန်ရှိသူ နှစ်ဦးရဲ့ အခြေအနေကို အခုချိန်ထိ မသိရသေးဘူးလို့ မိုးကုတ်ရဲစခန်းက တာဝန်ကျအရာရှိတဦးက ပြောပါတယ်။
“ပြန်ရလား၊ မရလား ဘာသာသံမှ မကြားသေးဘူး။ စခန်းကိုလည်း ဘာမှလာမပြောသေးဘူး။ ကယ်ဆယ်ရေးအဖွဲတွေကမ ပြောသေးဘူးလေ။”