လမ်းပေါ်က ကလေးများ ခွန်အားဖြည့်သည့် ပွဲတော်ကျင်းပ
သူဇာလင်း
·
March 8, 2020
လမ်းပေါ်မှာ လျှောက်သွားပြီး ပလုံကောက်တဲ့ ကလေးငယ်တွေအပါအဝင် လေလွင့်ကလေးငယ်တွေကို အင်အားဖြည့်တဲ့ပွဲတော်ကို မတ်လ ၈ ရက်နေ့က ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ကျင်းပနေပါတယ်။
ဒီပွဲတော်မှာတော့ ကလေးတွေကို တနေကုန် ပျော်ရွှင်စေဖို့ရည်ရွယ်ပြီး ဂိမ်းကစားတာတွေ၊ ပန်းချီဆွဲတာတွေ ၊မျက်နှာဆေးရောင်ချယ်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ကလေးတွေ စနစ်ကတျ လက်ဆေးတက်ဖို့နဲ့ ကလေးတွေအတွက် ပုံပြောပြပေးတဲ့ အစီအစဉ်တွေပါဝင်ပြီး ကလေးငယ်တွေကို လက်ဆောင်တွေ ပြန်လည်ပေးတာတွေလည်း ပါဝင်ပါတယ်။
ဒီနေ့မှာတော့ ရန်ကုန်မြို့က လမ်းပေါ်ကလေး အသက် ၆ နှစ်လောက်ကနေ အသက် ၁၆ နှစ်အထိ အယောက် ၁၂၀ နီးပါး ပါဝင်ဆင်နွှဲကြပါတယ်။
ဒီပွဲတော်ကတာ့ ၃ နှစ်မြောက် ကျင်းပတဲ့ပွဲဖြစ်ပြီး လမ်းပေါ်ကလေးငယ်ကို ပျော်ရွှင်အောင် လုပ်ဆောင်ပေးနေတဲ့ Junior Dream အဖွဲ့က ဦးဆောင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ OMNI Focus ကုမ္ပဏီ နဲ့ ပရဟိတလူငယ်တွေက ပါဝင်ကူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။