မန္တလေးတွင် အလုပ်သမား အင်အား ၁၀၀၀ ခန့် ချီတက်ဆန္ဒပြ
DVB
·
March 8, 2020
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယအကြိမ်ညီလာခံကို အလုပ်သမားအင်အား ၁၀၀၀ လောက် ချီတက်ဆန္ဒပြခဲ့ပါသည်။
အဆိုပါ အလုပ်သမားတွေဟာ မန္တလေးမြို့ ၆၁ လမ်း နဲ့ ကျန်စစ်သားထောင်းမှ ညီလာခံကျင်းပရာ ကနောင်မင်းသားကြီးခန်းမအထိ ခြေလျင်ချီတက် ဆန္ဒပြခဲ့ကြတာပါ။
အလုပ်သမားတွေဟာ လူနေမှုဘ၀နဲ့ ကိုက်ညီတဲ့ လုပ်ခလစာ ရရှိရေး၊ ILO ပြဋ္ဌာန်းချက် အမှတ် (၉၈) ကို အစိုးရက လက်မှတ်ရေးထိုးပေးရေး၊ အနည်းဆုံး လုပ်ခ လစာကို တစ်နှစ်လျှင် တစ်ကြိမ် သုံးသပ် ပြင်ဆင်ပေးရေး၊ ကိုရိုနာဗိုင်းရပ်ကြောင့် စက်ရုံများ ပိတ်သိမ်းနေခြင်းကို စနစ်တကျ စီစစ်ပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံး ပေါ်ပေါက်ရေးနဲ့ ဘေးအန္တရာယ် ကင်းသော လုံခြုံစိတ်ချရသည့် လုပ်ငန်းခွင် ဖြစ်ပေါ်ရေး စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
Photo-Kaung Zaw Hein/ MPA